အတိတ်တွေကို
ဥပက္ခာလောင်းပြီး မြေဖို့ ၊
ပစ္စုပန်ကို
အပြုံးအတုတွေနဲ့ ဆေးခြယ်၊
အနာဂတ်ဆိုတဲ့
တောကိုအခုထိ ခုတ်ထွင်နေရတုန်း..။
ယုံကြည်မှုတွေကို
လျှော့ဈေးနဲ့ထုတ်ရောင်း၊
စာနာမှုတွေကို
ဓါတ်ဆီလောင်းပြီးမီးရှို့ ၊
ငါ့မှာအခုတော့
ဥပက္ခာတွေ တပွေ့တစ်ပိုက်နဲ့.......။
Nay
Friday, April 30, 2010
Saturday, April 24, 2010
အဝေးရောက်တမ်းချင်း
နွေပြာပြာ ကို ယက်ခတ်ရင်း
လတစ်စင်းပေါ်တက် ကြည့်မိတယ်
ဟိုမှာမဟုတ်လား ငါဖွားရာမြေ
နယ်မြေနိမိတ် တွေက ကာဆီးထားကြ
တစ်ယောက်လား
နှစ်ယောက်လား
ငါ့ကိုသတိရနေမယ်
မင်းလား သူလား ငါ့ကိုမေ့ချင်မေ့နေ ကြမယ်
အတူကြီးပြင်းသူငယ်ချင်းတွေကို
တမ်းတမိတယ်
ပြန်ချင်ပေမယ့် လူဆိုတာမှာ အတောင်မပါပြန်ဘူး။
နေ
လတစ်စင်းပေါ်တက် ကြည့်မိတယ်
ဟိုမှာမဟုတ်လား ငါဖွားရာမြေ
နယ်မြေနိမိတ် တွေက ကာဆီးထားကြ
တစ်ယောက်လား
နှစ်ယောက်လား
ငါ့ကိုသတိရနေမယ်
မင်းလား သူလား ငါ့ကိုမေ့ချင်မေ့နေ ကြမယ်
အတူကြီးပြင်းသူငယ်ချင်းတွေကို
တမ်းတမိတယ်
ပြန်ချင်ပေမယ့် လူဆိုတာမှာ အတောင်မပါပြန်ဘူး။
နေ
ဘ၀ လှေငယ်
လိုရာကို စီးဆင်း မြစ်ကြီးတစ်စင်း
ရေအလျှင်းတို့က
ဘယ်အခါမှ မြင့်ရာကိုမစီး
ဘ၀ဆိုတဲ့
လှေငယ်အထက်မှာ
ဆန်ခတ် လှော်စရာ အင်အားမရှိလျှင်
တက်ကို အသာချ လက်ပိုက်လို့သာ
မျှောလိုက်ပါတော့။
နေ
ရေအလျှင်းတို့က
ဘယ်အခါမှ မြင့်ရာကိုမစီး
ဘ၀ဆိုတဲ့
လှေငယ်အထက်မှာ
ဆန်ခတ် လှော်စရာ အင်အားမရှိလျှင်
တက်ကို အသာချ လက်ပိုက်လို့သာ
မျှောလိုက်ပါတော့။
နေ
Thursday, April 22, 2010
အပင်တစ်ခုရဲ့ ဒဏ္ဍာရီ
ငါတို့အချစ်တွေရှင်သန်ဖူးတယ်...၊.
အပင်ထက်က ရွက်သစ်တွေလို
ငါတို့ အပြုံးတွေ တူညီဖူးတယ်.....၊
ပင်မြင့်ထက် ကပန်းတွေလို
ငါတို့ အနမ်းတွေပွင့်ဖူး ခဲ့ဖူးတယ်....၊
အခုတော့လဲ ကြွေကျလို့ မြေခတဲ့သစ်ရွက်တွေလို
ငါ့တစ်ယောက်ထဲ အလွမ်းတွေနဲ့ ပြန့်ကျဲလို့...........။
နေ(ကဗျာ)
နှလုံးသားပြတိုက်
မြင်နိုင်ရင် ၀င်ကြည့်ပေါ့ ငါ့ရင်ဘတ်ထဲ.....၊
လှပတဲ့ ပန်းချီကားတွေလည်းမရှိဘူး.....၊
ရူးလောက်တဲ့ ကာရန်စာသားတွေလည်းမရှိဘူး...၊
ဒါပေမယ့် မင်းတစ်ယောက်အတွက်...
အချစ်တွေနဲ့ မှုန်းခြယ်ထားတဲ့ နှလုံးသားတစ်စုံတော့ရှိနေလေရဲ့ ....
နေ(the poem)
လှပတဲ့ ပန်းချီကားတွေလည်းမရှိဘူး.....၊
ရူးလောက်တဲ့ ကာရန်စာသားတွေလည်းမရှိဘူး...၊
ဒါပေမယ့် မင်းတစ်ယောက်အတွက်...
အချစ်တွေနဲ့ မှုန်းခြယ်ထားတဲ့ နှလုံးသားတစ်စုံတော့ရှိနေလေရဲ့ ....
နေ(the poem)
နေ
ငါကနေ တစ်စင်းမို့
ပူလောင် ချင်ပူလောင်မယ်
မင်းဆိုတဲ့လ တစ်စင်းအတွက်
အလင်းရောင်တွေပေးနေရတာနဲ့ တင်ကျေနပ်နေတတ် သူပါ...
Nay
ပူလောင် ချင်ပူလောင်မယ်
မင်းဆိုတဲ့လ တစ်စင်းအတွက်
အလင်းရောင်တွေပေးနေရတာနဲ့ တင်ကျေနပ်နေတတ် သူပါ...
Nay
The things that stay on (ကျန်ရှိနေသော အရာများ)
အချစ်ဆိုတာ မရှိတော့ဘူး
ဒါပေမယ့် နှလုံးသားဆိုတာတော့ရှိသေးတယ်..၊
အနမ်းဆိုတာမရှိတော့ဘူး
ဒါပေမယ့် နှုတ်ခမ်းပါး တွေတော့ရှိနေဆဲပဲ...၊
ကြည်နှုးမှု ဆိုတာမရှိတော့ဘူး
ဒါပေမယ့် အပြုံးတွေတော့ ရှိနေဆဲပဲ....၊
အလွမ်းဆိုတာ မရှိတော့ဘူး
ဒါပေမယ့် သတိရမှုတွေတော့ ရှိနေသေးတယ်....။
ဒါပေမယ့် နှလုံးသားဆိုတာတော့ရှိသေးတယ်..၊
အနမ်းဆိုတာမရှိတော့ဘူး
ဒါပေမယ့် နှုတ်ခမ်းပါး တွေတော့ရှိနေဆဲပဲ...၊
ကြည်နှုးမှု ဆိုတာမရှိတော့ဘူး
ဒါပေမယ့် အပြုံးတွေတော့ ရှိနေဆဲပဲ....၊
အလွမ်းဆိုတာ မရှိတော့ဘူး
ဒါပေမယ့် သတိရမှုတွေတော့ ရှိနေသေးတယ်....။
Nay(the poem)
Wednesday, April 21, 2010
Subscribe to:
Posts (Atom)