Friday, February 23, 2024

ထစ်ချုန်း အလွမ်း

 

တိမ်စိုင်တွေ ကင်းမဲ့ …

အရောင် ပြယ်လွင့်တဲ့ညတွေ...၊


အရာရာဟာ လ ဖွက်ထားတဲ့ လိပ်ပြာ…။

မျက်ကန်းတစ္တေ ဖွက်ထားတဲ့... အတိတ်ဟာ၊

မျှော်လင်းခြင်း…အချို့ရဲ့ တိုက်စားမှုနဲ့အတူ

ညကို စစ်ကူ ခေါ်နေလေရဲ့...။


အငွေ့အသက်ကင်းမဲ့ .. ကောင်းကင်...

သစ်လွင်ပြယ်လွင့်နေတဲ့ ပန်းချီတစ်ချပ်အောက် …..၊


အတိတ်ရဲ့လေပြေ … ၊ စိတ်ရဲ့ တစ္ဆေတစ်ကောင်လို … 

လွမ်းဆွတ်မှုတိုင်းဟာ မိုးစက်တွေလိုပဲ ထစ်ချုန်းနေလေရဲ့  … ။



နေ


မတည်မြဲသော



အခိုးငွေ့တွေ... လိုပဲ
ရင်ထဲ...
အရာရာဟာ ... လေလွင့်ပျောက်ကွယ်
အခုတော့အတူတူ...ရှိနေသေးတယ်
"အတိတ်"ဆိုတဲ့ ..စကားရပ်တစ်ခုအဖြစ်ပေါ့ ။

နေ 

(ဘယ်အချိန်က ရေးမိမှန်းမသိသော ကဗျာတစ်ပုဒ်။)