Sunday, July 18, 2010

 မဲမှောင်နေတဲ့ တိမ်တိုက်တချို့က
နက်မှောင်နေတဲ့ ကောင်းကင် ကိုဖုံးအုပ်ထားသလို

ငါ့ညရဲ့ကောင်းကင်မှာတော့
မတောက်ပတဲ့ ကြယ်ပွင်  တွေနဲ့ ပြည့်နှက်လို့

ညဆိုတဲ့ခြောက်ကပ် မဲမှောင်နေတဲ့ အရာတစ်ခုက
ငါ့မျက်ဝန်းတစ်စုံကို မှေးမှိန်စေတယ်

ဆွေးမြေ့နေတဲ့ အ၀တ်တစ်ခုလို
ငါ့ အတွေးတွေက ဆုပ်ကိုင်လိုက်တိုင်းဆုတ်ပြဲသွားခဲ့

နာရီတစ်လုံးရဲ့ စက်သံတွေကို
ငါ့ ရင်ခုန်သံတွေက သံယောင်လိုက်နေလေရဲ့ 

တိတ်ဆိတ်နေတဲ့ ငါ့ဝေဒနာတွေက
ညနဲ့ ပေါင်းပြီး နက်နက်လာတယ်

ငါကတော့ ခံစားချက်ဆိုတာတွေကို ရေနဲ့ရောပြီး
မြိုချလိုက်ရဲ့ 

အပြုံးတစ်ခုက ငါ့မျက်နှာမှာ ၀ိုးတ၀ါး
ငါ မကြားချင်ဆုံး အသံတစ်ခုက ငါ့နားထဲမှာ
ကို့ယို့ ကားယား

တိုးလို့ဝင်ခဲ့.....

နောက်ဆုံးတော့ ညတစ်ခုရဲ့ ဝါး မြို ခြင်းအောက်မှာ
မျှော်လင့်ချက်ဆိုတာတွေက အခိုးငွေ့တွေလို
လွင့်မျှောသွားတယ်....။

                                                                        နေ
                                                                          6.7.2010