Sunday, July 18, 2010

မှောင်မဲနေတဲ့ တိမ်တိုက်တချို့က

နက်မှောင်နေတဲ့ ကောင်းကင် ကိုဖုံးအုပ်ထားသလို၊


ငါ့ညရဲ့ကောင်းကင်မှာတော့

မတောက်ပတဲ့ ကြယ်တချို့နဲ့ပြည့်နှက်လို့၊ 


ညဆိုတဲ့အနက်ရောင်တစ်ခုက

ငါ့မျက်ဝန်းတစ်စုံကို မှေးမှိန်စေတယ်…၊


ဆွေးမြေ့နေတဲ့ အဝတ်တစ်ခုလို

ငါ့ အတွေးတွေက ဆုပ်ကိုင်လိုက်တိုင်းဆုတ်ပြဲသွားခဲ့


နာရီတစ်လုံးရဲ့ စက်သံတွေကို

ငါ့ ရင်ခုန်သံတွေက သံယောင်လိုက်နေလေရဲ့


တိတ်ဆိတ်နေတဲ့ ငါ့ဝေဒနာတွေက

ညနဲ့ ပေါင်းပြီး နက်နက်လာတယ်


ငါကတော့ ခံစားချက်ဆိုတာတွေကို ရေနဲ့ရောပြီး

မြိုချလိုက်ရဲ့


အပြုံးတစ်ခုက၊

ငါ့မျက်နှာမှာ ဝိုးတဝါး

ငါ မကြားချင်ဆုံး အသံတစ်ခုက ငါ့နားထဲမှာ

ကို့ယို့ ကားယား၊ တိုးလို့ဝင်ခဲ့.....


နောက်ဆုံးတော့ ညတစ်ခုရဲ့ဝါးမြိုခြင်းအောက်မှာ

မျှော်လင့်ချက်ဆိုတာတွေက အခိုးငွေ့တွေလို

လွင့်မျောသွားလေတယ်....။


                                                                        နေ

                                                                          6.7.2010