အချိန်တွေကို ပြန်ပြောင်း
အတိတ်တစ်ခု ရဲ့ နေ့စွဲဟောင်း က  ငါ့ခေါင်းထဲရောက်လာတယ်
  ငြိမ်သက်စွာ တိတ်ဆိတ် 
  လ တစ်စင်းရဲ့  အလင်းရောင်က
အမှောင်ထုကို မဖောက်နိုင် တော့ဘူးလေ
စက္ကန့်တံတွေကို  ကြည့် ငါရေတွက်နိုင်တာ 
ဘာမှ မရှိခဲ့ဘူး
လမ်းတစ်ခုကို ငါလျှောက် 
ငါ့အိမ်က  လှေကားတွေက ပိုရှည်လာတယ်
မျက်စိကို ခဏမှိတ် ငါ့ဦးနှောက်ကို 
ခဏ  အကျည်းချထားလိုက်အုန်းမယ်
လေနှင်ရာ စီးမျှော ငါဆိုတာလဲ  လွင့်မျှောသွားချင်မိတယ်
မနက် ဖြန်ဆိုတာတွေက
မနေ့က ဆိုပြီးဖြစ်လာတယ်
အနာဂတ်  ဆိုတဲ့ တစ်ချိန်က စကားလုံးတွေက
အတိတ်လို့ အမည်ခံပြီး  ပြန်မကောက်နိုင်အောင် 
နောက်မှာ ကျန်နေခဲ့တာပဲ
ခဏလောက်ပေါ့ 
မှိုတက်နေတဲ့  နေ့ရက်တွေနား
ဖြတ်သွားချင်မိတယ်
အခွင့်ဆိုတာမရှိတော့
စီးမျှောနေတဲ့  နေစွဲတွေကြား
ဒရွတ်တိုက် ဆွဲပါသွားတယ်
ငါဟာ ရဲရင့်မှုရဲ့  စစ်သည်တော်တစ်ပါး
ငါ စစ်ခင်းခဲ့တာ ငါ့မျက်ရည်တွေနဲ့ပါ။
 
No comments:
Post a Comment