Friday, February 23, 2024

ထစ်ချုန်း အလွမ်း

 

တိမ်စိုင်တွေ ကင်းမဲ့ …

အရောင် ပြယ်လွင့်တဲ့ညတွေ...၊

အရာရာဟာ လ ဖွက်ထားတဲ့

 လိပ်ပြာ…။


မျက်ကန်းတစ္ဆေဖွတ်ထားတဲ့   

အတိတ်ဟာ...၊

မျှော်လင်းခြင်းအချို့ရဲ့ 

တိုက်စားမှုနဲ့အတူ၊

ညကို စစ်ကူ ခေါ်နေလေတယ်...။


အငွေ့အသက်ကင်းမဲ့တဲ့  

ကောင်းကင်...

သစ်လွင်ပြယ်လွင့်နေတဲ့ 

ပန်းချီတစ်ချပ်အောက် …..၊


အတိတ်ရဲ့လေပြေ … ၊ 

စိတ်ရဲ့ တစ္ဆေတစ်ကောင်လို … 

လွမ်းဆွတ်မှုတိုင်းဟာ 

မိုးစက်တွေလိုပဲ 

ထစ်ချုန်းနေလေရဲ့  … ။



နေ


No comments:

Post a Comment