Monday, November 8, 2010

ဆူး

ကောင်းကင်ကတော့ ပြာမြဲပါပဲ
တိမ်တွေကသာ ရွေ့လျှားနေတာ
ပြာဖျော့ဖျော့ပေါ်မှာ ငါပျံသန်းဖို့
ဖြန့်ခဲ့တာက အတောင်ပံမဟုတ်ဖူး
ပွင့်ဖတ်ကိုတွေ ငါဆက်ခဲ့တယ်
ဒါပေမယ့် ပန်းတစ်ပွင့်တော့ ဖြစ်မလာဘူး
ဆူးတွေကို ရေတွက်ပြီးတန်ဖိုးဖြတ်တယ်
ရနံ့ ဆိုတဲ့ဘာသာရပ်ကို ငါမတတ်ခဲ့ဘူး
ကြယ်ဆိုတဲ့ အရာတွေကြွေကျတိုင်း
ငါလိုက်ရှာတယ်
ငါဆိုတာလဲ လင်းလက်ချင်ခဲ့လို့
နှင်းဆီတစ်ပွင့်ကို ငါနှစ်သက်တယ်
ဆူးထက်ထက်နဲ့ပေါ့
မကြောက်တတ်ခဲ့တာ
ဆွတ်ခူးမဲ့ ငါ့လက်တွေက မမာပါဘူး
ဆူးတွေထက်ပေါ့
ဒါပေမယ့်
ပန်းထွက်မဲ့ သွေးတွေကတော့
နှင်းဆီမက်လောက်အောင် ရဲရဲတောက်တယ် ။  ။



No comments:

Post a Comment