Monday, November 8, 2010

အပင်အိုရဲ့ နွေညိုညိုပြဇာတ်

နံရံပေါ်က အလှတွေပျောက်ကွယ်
ခွေးတစ်ကောင်ရဲ့ ဟောင်နေသံတောင်
လှောင်ရီသံလား ရက်စက်တယ် …..၊

ဟန်ဆောင်ထားတဲ့ အပြုံးတွေကွာကျ
အငြိုးမုန်တိုင်းတွေ လာသမျှ
ကောင်းကင်ကြီးကငိုချ
တိမ်တွေပြိုကျ
ငါ့မှာ ငိုပြစရာမျက်ရည်တောင် မရှိခဲ့ဘူး….၊

လိုက်ကောက်ဖို့မလောက်တော့ဘူး ၊
သိရဲ့နဲ့ရူးခဲ့တဲ့
ညဆိုတာတွေကို…. 

အဆုံးမသတ်တတ်တော့၊
ရက်စက်တတ်တဲ့ မိုးစက်က
ခိုးထွက်တဲ့ ငါ့မျက်ရည်တွေကို
နင်းချေ ၊

အဆုံးသတ်မလှတဲ့
ဒဏ္ဍာရီ အတွက်
လူတကာရဲ့ ဟာသဆန်ဆန်
ပြဇာတ်တွေ ၊

ငါ့ကိုယ်ငါပဲပြန်နင်းချေ
ရာသီတိုင်းက ငါ့အတွက်တော့ 
နွေတွေကြီးပဲ ၊

ကျို့တို့ ကျဲတဲ ကြွေစရာ
တစ်ခြမ်းမှမရှိပဲ
ငါ့အကိုင်းတွေ ငါချိုးချ
မြို့ ပြရဲ့ ညတွေက
ခြောက်ချားမှုနဲ့ လှောင်ရီနေကြတယ် ။  ။




                                                          နေ

No comments:

Post a Comment