Monday, November 8, 2010

လှေတစ်စင်းရဲ့ မီးထွန်းချိန်

ပျော်ရွှင်မှုတွေကိုခွာချ
ငါ့ညတွေမှာ လိုက်ကာမရှိခဲ့ဘူး ၊
ကြယ်တစ်ပွင့်ရဲ့ စကားတွေကို 
ဘာသာမပြန်တတ်ခဲ့တော့...
ကောင်းကင်ဆိုတာ ငါ့အတွက်
ဝေးနေတုန်းပဲ ၊

ပင်လယ်စပ်နားရောက်တာတောင်
ချောင်းကို မခွဲနိုင်သေးတဲ့ ငါးတစ်ကောင်လို
ငါ့အသိဉာဏ်တွေကိုက... 
တုံးလွန်းတယ် ၊

သဲမှုန်ဟန်ဆောင်ထားတဲ့
ငါ့အတ္တတွေကို ခြေအစုံနဲ့ နင်းချေ...
အဝေးဆုံးကို ထွက်သွားကြ ၊

ပထမဆုံးဆိုတဲ့ 
ဆေးလိပ်တစ်လိပ်ကို ငါ မီးညှိချိန်
လောင်ကျွမ်းသွားတာက
တစ်ဘဝလုံးပဲ . . . ။    ။

                                                             

No comments:

Post a Comment