ငါ့အတွေးတွေ ကို ဆွဲဆန့်
မသပ်ရပ် တဲ့သဘောမျိုး ၊
မြွေတစ်ကောင်ရဲ့ ကျောရိုးထက်
ငါ့အလွမ်းရဲ့ အငွေ့ အသက်တွေက ရှည်လျှားတယ်၊
မျက်လုံးတွေကို လိုက်ကာချ လိုက်တိုင်း
ပေါ်ပေါ်လာတဲ့ နင့်အပြုံးတွေ
ငါ့အမြင်တွေ အငွေ့  ပျံသွားအောင်
ဆေးကြောပစ်တောင် ကျန်နေသေးမယ် ၊
ဝင်သက်နဲ့ ထွက်သက်ကြား
ဗျာများ နေတဲ့ ငါ့နှလုံးသားက
အသိဥာဏ်တွေ အဆက်ဖြတ်
ငါ့သွေးတွေထဲက
နင့်ကို ချစ်တဲ့အချစ်တွေကို ဖျောက်ဖျက် မပစ်နိုင်တော့ ၊
အတိတ်ဆိုတဲ့ စာမျက်နှာတွေကိုပိတ် ၊
ငါမပါတဲ့ နင့်ရဲ့  ပျော်ရွှင်မှု ဆိုတဲ့ ပြဇာတ် တစ်ခုကို
ငါကြိတ်မှိတ် ထိုင်ကြည့်လို့ ၊
ငါ့နှလုံးသား တစ်ခုလုံး
အလွမ်းဆိုတဲ့ ခြတွေစားသွားတဲ့ အထိ
ငါရှိနေမယ်.............။
နေ
မသပ်ရပ် တဲ့သဘောမျိုး ၊
မြွေတစ်ကောင်ရဲ့ ကျောရိုးထက်
ငါ့အလွမ်းရဲ့ အငွေ့ အသက်တွေက ရှည်လျှားတယ်၊
မျက်လုံးတွေကို လိုက်ကာချ လိုက်တိုင်း
ပေါ်ပေါ်လာတဲ့ နင့်အပြုံးတွေ
ငါ့အမြင်တွေ အငွေ့  ပျံသွားအောင်
ဆေးကြောပစ်တောင် ကျန်နေသေးမယ် ၊
ဝင်သက်နဲ့ ထွက်သက်ကြား
ဗျာများ နေတဲ့ ငါ့နှလုံးသားက
အသိဥာဏ်တွေ အဆက်ဖြတ်
ငါ့သွေးတွေထဲက
နင့်ကို ချစ်တဲ့အချစ်တွေကို ဖျောက်ဖျက် မပစ်နိုင်တော့ ၊
အတိတ်ဆိုတဲ့ စာမျက်နှာတွေကိုပိတ် ၊
ငါမပါတဲ့ နင့်ရဲ့  ပျော်ရွှင်မှု ဆိုတဲ့ ပြဇာတ် တစ်ခုကို
ငါကြိတ်မှိတ် ထိုင်ကြည့်လို့ ၊
ငါ့နှလုံးသား တစ်ခုလုံး
အလွမ်းဆိုတဲ့ ခြတွေစားသွားတဲ့ အထိ
ငါရှိနေမယ်.............။
နေ
Remind me when I m greedy .Remind me when I feel annoyed Remind me when I feel love Remind me When I feel sad ...........Can you remind me every time . I hardly hope to be happen every time
ReplyDelete