တစ်ယောက်ထဲလည်း
ထပ်တစ်လဲလဲ လေပြည်တွေအနား
အကြိမ်ကြိမ်အခါခါ ငါနားခဲ့တဲ့ အင်းယား ။ ။
သူငယ်ချင်းတွေနဲ့
ဟိုလျှောက်ဒီလျှောက်
ခုံ ရရင် ဂီတာခေါက် ငါတို့
သံစဉ်တွေ လွင့်ပျံခဲ့တဲ့အင်းယား ။ ။
ဘယ်တော့မှ ရှာမရတော့မဲ့
ကောင်မလေးတစ် ယောက်ရဲ့
ချိုမြိန်ခဲ့တဲ့ နှုတ်ခမ်းပါး
မင်းလောက်မလှပါဘူး အင်းယား ။ ။
မိုးစက်တွေ ကြွေခဲ့တယ်
နွေညနေ လေပြည်တွေ ဝေ့ခဲ့တယ်
ဆောင်းနှင်းတွေကြား ဝိုးတစ်ဝါး
ငါ့ခြေလှမ်းတွေ မင်းဘေးနား
မပြတ်ခဲ့ပါဘူး အင်းယား ။ ။
ငါတို့ အနမ်းတွေဝေခဲ့တယ်
ငါတို့ နှုတ်ခမ်းတွေ…
ငါတို့ အချမ်းပြေ ထွေးပွေ့မှုတွေ
မင်း ပြုံးပြုံးကြီး ခိုးကြည့်ခဲ့တာ ငါသိပါတယ်
အင်းယား ။ ။
ငါတို့ ခဲတွေနဲ့ ပလုံ ခနဲ
မင်းဆီကို ပစ်ခဲ့ကြတယ်
မင်းကတော့ အပြုံးမပျက်ပါဘူး အင်းယား ။ ။
မင်းနံဘေးက မြက်ခင်းမှာ
လဲလျှောင်းရင်း ကြယ်တွေကို
ကောင်းကောင်း ငေးခဲ့တဲ့ မေ့မရတဲ့ညတွေ
ရှိခဲ့ တယ် အင်းယား ။ ။
အခုတော့ မင်းကိုထားလို့
ငါ့တို့ အားလုံး တစ်နေရာစီခြား
မင်းကော ငါ့ကို လွမ်းနေမှာ လား အင်းယား ။ ။
ငါတို့ထဲက တစ်ယောက်ယောက်
မင်းဆီကို ရောက်ခဲ့ရင်
ငါ့ကိုပြန်ပြောနိုင်အောင်
မင်းလဲ ခုံတွေမှာ လက်ဆော့ကာ
ငါ့ကို သတိရကြောင်း ရေးပေးပါလား အင်းယား ရာ ။ ။
နေ
(လွန်ခဲ့တဲ့ ၁၀ နှစ်သောအချိန်ကာလ၊ ပြည်ပမှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်)
အခုတော့ အင်းယားမှာခုံတွေမရှိတော့ပါဘူး။
အင်းယားကို မရောက်ဖြစ်တာ ၃နှစ်ကြာဆိုတဲ့ သီချင်းလေးတော့ကြားဖူးတယ်။
ReplyDelete